ကလေး ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က လုပ်ငန်းစွမ်းဆောင် ရည်မြှင့်မားစေရေးဆွေနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်မှ ဝန်ထမ်းများအားရာထူးသက်၊ လုပ်သက်ကို လျော့ပေါ့၍ ရာထူးတိုးမြင့်ခန့်ထားခွင့်ပြုခြင်းခေါင်းစဉ်ပါ အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ရာ ဝန်ထမ်းများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးပွဲများကျင်းပ ပြုလုပ်ပေးခြင်းဖြင့် ဝန်ထမ်းများအနေဖြင့် ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာအထောက်အကူဖြစ်စေသောကြောင့် ဆွေးနွေးပွဲများကို လစဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)