မင်းဘူး ဖေဖော်ဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက အ.မ.က (မူလွန်) မကြီးချောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် အားလပ်ချိန်များတွင် အသိပညာ ဗဟုသုတရရှစေမည့် စာအုပ်များများ ဖတ်ရှုကြရန်နှင့် စာအုပ်၊ စာပေများဖတ်ရှုခြင်းက မိမိဘဝ တိုးတက်ရာ တိုးတက်ကြောင်းဖြစ်သော တွေးခေါ်မျှော်မြင်တတ်သည့် နည်းလမ်းကောင်းများကို ရရှိမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ကြည်က ကုန်အညွှန်းအမှတ်အသား၊ စားသုံးသူကာကွယ်ရေး အချက် (၈) ချက်ကို ရှင်းလင်းကာ အသိပညာပေးပြောကြားပြီး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းက ကျောင်းသား၊ ကျောင်းသူလေးများ ကျန်းမာသန်စွမ်းပြီး၊ ကိုယ်ကာယကြံ့ခိုင်ဖွံ့ဖြိုးကာ အားကစားတွင် ထူးချွန်သော လူတော်လူကောင်းကလေးများ ဖြစ်လာစေရန်အတွက် အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်များအား ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားလေ့လာ ဖတ်ရှုခဲ့ကြသည်။
ဇေယျာထက်(မင်းဘူး)