သရက်မြို့၌ သာသနိကအဆောက်အဦများအား မီးဘေးကြိုတင်ကာကွယ်ရေးကွင်းဆင်းဆောင်ရွက်

သရက် ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနက သာသနိကအဆောက်အဦများအား မီးဘေးကြိုတင်ကာကွယ်ရေးကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီက ရွှေဘုံသာဘုန်းတော်ကြီးကျောင်းတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးမင်းကျော်ဟိန်းနှင့် တပ်ဖွဲ့ဝင်များက အမှတ်(၂) ဈေးရပ်ကွက်ရှိ ရွှေဘုံသာဘုန်းတော်ကြီးကျောင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေးကိရိယာများ ဆောင်ရွက်ထားရှိမှုရှိ/မရှိ၊ လျှပ်စစ်မီးကြိုးများသွယ်တန်းထားရှိရာတွင် မီးဘေးအန္တရာယ်စိုးရိမ်ရခြင်း ရှိ/မရှိ ဆောင်ရွက်စစ်ဆေးပေးခဲ့သည်။

အလားတူ ကမ်းနားဗလီတွင်လည်း စစ်ဆေးဆောင်ရွက်ခဲ့ပေးကြောင်း သိရသည်။

ဇော်ထက်(သရက်)