မိုဝိုင်းလွတ် ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ မိုဝိုင်းလွတ်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန် မိုဝိုင်းလွတ်မြို့ အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာနိုင်ငံတော် အလံအားအလေးပြုပြီး အားကစားအဓိဌာန်ရွတ်ဆိုသည်။ ထို့နောက် အ.ထ.က (မိုဝိုင်းလွတ်) ကျောင်းသူများက ပြည်ထောင်စုအကဖြင့် တင်ဆက်ပြီး အခမ်းအနားဖွင့်လှစ်သည်။
ဆက်လက်၍ မိုဝိုင်းလွတ်မြို့ အုပ်ချုပ်ရေးမှူး ဦးညီရုန်းက အဖွင့်အမှာစကားပြောကြားပြီး အားကစားကော်မတီဥက္ကဋ္ဌ ဦးယောဆက်က အားကစားနှင့် ပတ်သက်သည့် စည်းမျဥ်း စည်းကမ်းများ ရှင်းလင်းပြောကြားကာ ပွဲစဥ်ဇယားအား ဆက်လက်ပြောကြားသည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးညီရုန်းက ကွင်းအတွင်း ဘော်လီဘောအားမြောက်တင်ပေးပြီး ပွဲစဥ် စတင်ကျင်းပရာ Blessing (မိုဝိုင်းလွတ်) အသင်းနှင့် ဌာနဆိုရာအသင်းတို့မှ စတင်ယှဥ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါ ပြည်ထောင်းစုနေ့အကြို အားကစားပြိုင်ပွဲများတွင် ဘော်လီဘောပြိုင်ပွဲ၊ အာလူးကောက် ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ မာရသွန်အပြေးပြိုင်ပွဲ၊ ခြင်းလုံးပြိုင်ပွဲ၊ ပူဖောင်းပေါက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲနှင့် စကားရည်လုပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ပြီး ဆုရရှိသူများအား ပြည်ထောင်းစုနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်