ဟင်္သာတ တက္ကသိုလ်တွင် (၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် စျေးရောင်း ပွဲတော်နှင့် နှင်းစက်သံစဥ် သီချင်းဆိုပြိုင်ပွဲကျင်းပ

ဟင်္သာတ ဖေဖော်ဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရွာသာကုန်း ကျေးရွာ/အုပ်စုရှိ ဟင်္သာတတက္ကသိုလ်၊ ပင်မလေးထပ်ဆောင်ရှေ့ အဓိပတိလမ်းမတွင် ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက် ၇နာရီကစတင်၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို စျေးရောင်းပွဲတော်အား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စျေးရောင်းပွဲတော်ကို  ဟင်္သာတက္ကသိုလ်မှ ဘာသာရပ်အလိုက် ဌာန (၁၆) ခုမှ မုန့်မျိုးစုံ/ကော်ဖီနှင့် အမှတ်တရ ပစ္စည်းများအားရောင်းချခဲ့ရာ ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသိင်္ဂီရွှေ၊  ဒုတိယပါမောက္ခချုပ်(သင်တန်းရေးရာ) ဒေါက်တာအေးလွင်၊ ဒုတိယပါမောက္ခချုပ် (စီမံ) ဒေါက်တာရီရီသန်း၊ ဟင်္သာတတက္ကသိုလ် ဌာနအသီးသီးမှ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်းအင်အား(၂ဝ၀)ဦးခန့် ဝယ်ယူအားပေးဆင်နွဲခဲ့ကြကြောင်းနှင့် ၈ နာရီ ခွဲအချိန်တွင်ဟင်္သာတတက္ကသိုလ် ပင်မလေးထပ်ဆောင်ရှိ ဘွဲနှင်းသဘင်ခန်းမတွင် "နှင်းစက်သံစဉ်" သီချင်းဆိုပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုနေ့နှင့်ပတ်သက်သော ဂုဏ်ပြုတေးသီချင်းများကို ကျောင်းသားကျောင်းသူ ၁၇ ဦးတို့မှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်ဆက် (ဟင်္သာတ)