ဝါးခယ်မ ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် သော်ကပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီးတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဝါးခယ်မမြို့နယ် ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုပူဇော်၍ စတင်ဖွင့်လှစ်ခဲ့ပြီး သော်ကပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး၏ ဩဝါဒစရိယ ဆရာတော် ဘဒ္ဒန္တဓမ္မာနန္ဒအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်ကြီးများမှ ပရိတ်တရားတော်များ ချီးမြှင့်ခြင်း၊ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ သော်က ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး၏ ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တဓမ္မာနန္အရှင်သူမြတ်ထံမှ ရေစက်ချအနုမောဒနာတရား နာယူကြည်ညိုခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆို ပူဇော်၍ အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)