ငဖဲမြို့ပေါ် ဘုန်းတော်ကြီးကျောင်းများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ငဖဲ ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးလောင်မှုမဖြစ်ပွားစေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်တို့အတွက် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများတွင် ယမန်နေ့ညနေ ၄ နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင်  ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးနိုင်လင်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများသို့ ကွင်းဆင်း၍ မီးအသုံးပြုမှုအခြေအနေများ၊ လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းထားရှိမှု၊ မီးလောင်မှုဖြစ်ပွားစေနိုင်သည့်ပစ္စည်းများ ထားသိုသိမ်းဆည်းသိုလှောင်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မီးဘေးကာကွယ်နိုင်ရေး ရေသိုလှောင်ကန်များရေဖြည့်ထားရှိရန်၊ မီးသတ်ဆေးဗူးများထားရှိရန်နှင့် အရေးပေါ်ဖြစ်ပွားလာပါက ချက်ချင်းသတင်းပေးပို့ရန်တို့ကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)