ရွှေဘိုတက္ကသိုလ်၌ သု​တေသနညီလာခံတွင် စာတမ်းဖတ်ကြားခဲ့သူများနှင့် (၇၇)နှစ်​မြောက် ပြည်​ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြု၊ ဆုချီးမြှင့်ပွဲအခမ်း အနားကျင်းပ

​ရွှေဘို ဖေ​ဖော်ဝါရီ ၉

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုတက္ကသိုလ်၌ (၂၃)ကြိမ်​မြောက် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ သု​တေသနညီလာခံတွင် စာတမ်းပါဝင်ဖတ်ကြားခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် (၇၇)နှစ်​မြောက် ပြည်​ထောင်စု​နေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ​ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယ​နေ့ နံနက် ၁၀ နာရီချိန် အဆိုပါတက္ကသိုလ်ရှိ ရတနာသိင်္ဃခန်းမတွင် ကျင်းပြုလုပ်ခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ ​ရွှေဘိုတက္ကသိုလ် ပါ​မောက္ခချုပ်ဆရာမကြီး​ ဒေါက်တာမျိုးမျိုးက ဂုဏ်ပြုချီးမြှင့်စကား​ပြောကြားခဲ့ပြီး ​ဒေါက်တာမြသိင်္ဂီ (ပါ​မောက္ခ၊ ဓာတု​ဗေဒဌာန)၊ ​ဒေါက်တာ ​အောင်​ဇော်မြင့် (တွဲဖက်ပါ​မောက္ခ၊ ရူပ​ဗေဒဌာန)၊ ​ဒေါ်သွယ်သွယ် (ကထိက၊ သတ္တ​ဗေဒဌာန)တို့က မိမိတို့ ဖတ်ကြားခဲ့သည့် စာတမ်းများကို မိတ်ဆက်ရှင်းလင်းဖတ်ကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ ပါ​မောက္ခချုပ်ဆရာမကြီး​ဒေါက်တာမျိုးမျိုးနှင့် တာဝန်ရှိသူများက စာတမ်းဖတ်ကြားခဲ့သူများနှင့် ဆုရရှိသူများအား ဂုဏ်ပြုဆု​ငွေနှင့် အမှတ်တရလက်​ဆောင်များ​ပေးအပ်ခဲ့ပြီး စု​ပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

အခမ်းအနားသို့ ​ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ ရွှေဘိုတက္ကသိုလ်ပါ​မောက္ခချုပ်ဆရာမကြီး ​ဒေါက်တာမျိုးမျိုး၊ ဒုတိယပါ​မောက္ခချုပ်ဆရာမကြီး​ ဒေါက်တာတင်တင်ရီ နှင့် ပါ​မောက္ခ(ဌာနမှူး)များ၊ ပါ​မောက္ခများ၊ တွဲဖက်ပါ​မောက္ခများ၊ ကထိကများ၊ ဆရာ/ဆရာမများ၊ ​ဆုရရှိသူများ ကျောင်းသား​/ကျောင်းသူများ တက်​ရောက်ခဲ့​ကြောင်း သိရသည်။    

ခရိုင် (ပြန်/ဆက်)