ရွှေကျင် ဖေဖော်ဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က မကျည်းတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) မှ ကျောင်းသား၊ ကျောင်းသူများအား (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်းတို့ကို အကျယ်တဝန့်ဟောပြောခဲ့သည်။ ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်အတွက် နံရံကပ်စာစောင်များအား ပြသခဲ့ရာ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)