ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ခဲပန်းချီပုံတူဆွဲပြိုင်ပွဲကျင်းပ

ရေဦး ဖေဖော်ဝါရီ ၈

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၁၃)ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်အဖြစ် ခဲပန်းချီပုံတူ ရေးဆွဲပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အင်ကြင်းဆောင်တွင် ကျင်းပခဲ့ရာ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၀) ဦး ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေ၀င်းက ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ပြိုင်ပွဲပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်ကိုလည်ကောင်း၊ ဓာတ်ပုံကျွမ်းကျင်(၂)ဦးသန်းထိုက်က ခဲပန်းချီ ပုံတူရေးဆွဲရာတွင်  အလင်းအမှောင် အသုံးပြုနည်း၏ အားသာချက် ၊ ဖိဖော့ဆွဲနည်းနှင့် ဆွဲရမည့်ပုံ၏ ဦးထုပ်မျက်နှာ ခန္ဓကိုယ်အချိုးအစားတို့ မျှတလိုက်ဖက်စွာ ရေးဆွဲရန် အရေးကြီးကြောင်း ရှင်းပြခဲ့သည်။

ထို့နောက်ပြိုင်ပွဲကို ဆက်လက်ကျင်းပပေးခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက အ‌ ကောင်းဆုံး ခဲပန်းချီ ပုံတူရေးဆွဲနိုင်ခဲ့ကြသည့် ကျောင်းသားသုံးဦးကို ဆုတံဆိပ်များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သန်းသန်း (ပြန်/ဆက်)