(၇၇) နှစ်​မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

စုကလိ     ဖေဖော်ဝါရီ      ၈

ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ် တစ်ရပ်ဖြစ်သည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲအား ယနေ့နံနက်ပိုင်းအချိန်က စုကလိမြို့ မဲကုလားအုပ်စု  ဆုံဆည်းမြိုင်ကျေးရွာ  အခြေခံပညာအထက်တန်းကျောင်း အ.ထ.က ဆုံဆည်းမြိုင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ပိုပိုအောင်က ပြည်ထောင်စုနေ့ပေါ်ပေါက်လာပုံ သမိုင်းနှင့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန် ထက်မြက်ရေး ယနေ့ကျောင်းသားလူငယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ ကောင်းမွန်သည့် သမိုင်း အစဥ်အလာကောင်းများကို သိရှိလေ့လာမှတ်သားနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ဟောပြော ပေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစုကလိမြို့ရုံးမှ ပြသထားသော ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ် စာစောင်၊ မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးစာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ပိုပိုအောင်