လှိုင်းဘွဲမြို့နယ်တွင် အသက်(၁)နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်

လှိုင်းဘွဲ ဖေဖော်ဝါရီ ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား လအလိုက်ထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးများနှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်လုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေးလာရောက်ထိုးနှံသော ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီပီ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင်၊ ပိုလီယို အကြောသေရောဂါကာကွယ်ဆေးများနှင့် ပတ်သက်၍ ထိုးနှံပေးခြင်း၊ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)