မေတ္တာမြို့တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မေတ္တာ ဖေဖော်ဝါရီ ၈

တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်ခရိုင်၊ မေတ္တာမြို့၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသော (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ  ဝန်ထမ်းများက  ယမန်နေ့ညနေ ၃ နာရီခွဲအချိန်တွင် မေတ္တာမြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ‌ကျောင်းသား/သူများ လက်ဝယ်အရောက်အခမဲ့ ဖြန့်ဝေပေးခဲ့ကြ‌ကြောင်း သိရသည်။

အဆိုပါ သတင်းစကား    လက်ကမ်းစာစောင်တွင် (၇၇)  နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်    ၂၀၂၄ ခုနှစ်၊  (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ပြည်ထောင်စုစိတ်ဓာတ်များ ကိန်းအောင်းရှင်သန်ရေး၊ ပြည်ထောင်စုစိတ်ဓာတ်ထွန်းကားရေးနှင့် ပြည်ထောင်စုကြီးကို တည်ဆောက်ကာကွယ်ရေး၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသူများ အမည်စာရင်း၊ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသ‌ရေစည်သူ သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင် (၇၆)နှစ်မြောက် ပြည်ထောင်စု‌နေ့အထိမ်းအမှတ်အခမ်းအနားသို့ သဝဏ်လွှာမှကောက်နုတ်ချက်) ညီညွတ်ရေး၊ ကာတွန်း၊ တစ်လှေတည်းစီး တစ်ခရီးတည်းသွားဆောင်ပုဒ်၊ ပြည်ထောင်စုသွေးချင်းများ (ကဗျာ) စသည့်အကြောင်းအရာများ ပါဝင်လျက်ရှိကြောင်း သိရသည်။

အေးအေးချို(မေတ္တာ ပြန်/ဆက်)