နတ်မောက် ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများမှာ တစ်ချိန်က နိုင်ငံတော်ရဲ့တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ခဲ့ကြရင်းနှင့် ပင်စင်ယူသည့်အချိန်အထိ အေးအေးချမ်းချမ်းနဲ့ တာဝန်ထမ်းဆောင်သည့်ကာလမှာလည်း နိုင်ငံတော်ရဲ့တာဝန်များကို ကျေပွန်ခဲ့ကြောင်းစသည့် ရည်ရွယ်ချက်များနှင့် (၇၅) နှစ်အထက်ပင် စင်စားများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရခြင်း ဖြစ်ကြောင်းရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမောင်မောင်ချင်းက နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် နိုင်ငံ့ဝန်ထမ်းပင်စင်စား(၁၂၆)ဦးအား အခြေခံစားသောက်ကုန်များ ဖြစ်သည့်ဆန်၊ ဆီ၊ ကုလားပဲ၊ ကြက်ဥ၊ အသားတု၊ အားဆေးဘူးနှင့် ထောက်ပံ့ငွေများကိုပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးဝါးများကိုထောက်ပံ့ပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျန်းမာရေးကုသပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
လှဝင်း