နတ်တလင်း ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားရေးဦးတည်ချက် (၅) ရပ်ပါမြေ စိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ရန်ကုန်-ပြည် ကားလမ်းမဘေး၌ စုပေါင်းစိုက်ထူခဲ့ကြသည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားရေးဦးတည်ချက် (၅) ရပ်ပါ မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ရန်ကုန်-ပြည် ကားလမ်းမဘေး သကျမဟာမြတ်မုနိဘုရားကြီးရှေ့နှင့် We Love Nattalin ပန်းခြံရှေ့တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး နိုင်လင်းအောင်နှင့်အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုနေ့အမျိုးသားရေး ဦးတည်ချက် (၅) ရပ်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် စိုက်ထူခဲ့ကြကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်ဆက်)