ဖျာပုံ ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျုံတာရှမ်းကွင်းကျေးရွာ၊ ကွင်းအမှတ် (၄၅၇ A)၊ ဦးပိုင် အမှတ်(၂၆/၇) တောင်သူ ဦးနေမျိုးဝင်း၏ လယ်မြေ (၃) ဧကပေါ်တွင် နယူး ဧရာ (၁) ဘောင်ပျိုးစနစ်ဖြင့် စံပြကွက် မြေဆီလွှာဖွံ့ ဖြိုးတိုးတက်စေပြီး စပါးအထွက်နှုန်း တိုးတက်စေရန်နှင့် မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း တိုးထွက်ရှိရေး လယ်မြေအတွင်း သဘာဝ မြေသြဇာနှင့် ဓာတ်မြေသြဇာ စုပေါင်းထည့်သွင်း ကြဲပက်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်း အချိန်က အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းအစိုးရ အဖွဲ့ဝင်များ၊ ဖျာပုံခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဖျာပုံခရိုင်/မြို့နယ် စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန နှင့် ဝန်ထမ်းများ၊ ကျုံတာရှမ်းကွင်းကျေးရွာရှိ တောင်သူများမှ ကျုံတာရှမ်းကွင်းကျေးရွာ၊ ကွင်းအမှတ် (၄၅၇ A)၊ ဦးပိုင်အမှတ် (၂၆/၇) တောင်သူ ဦးနေမျိုးဝင်း၏ လယ်မြေ (၃) ဧကပေါ် တွင် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများ စုပေါင်းထည့်သွင်းကြဲပက်ပွဲကို ဆောင်ရွက် ကြသည်။ ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တောင်သူ များနှင့် တွေ့ဆုံ၍ နွေစပါး တစ်ဧက ၁၀ တင်းနှုန်း တိုးတက်ထွက်ရှိရေးနှင့် ပန်းတိုင် အထွက်နှုန်းရရှိရေး ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။ ဖျာပုံမြို့နယ်အနေဖြင့် နွေစပါးစိုက်ပျိုးဧက (၉၀၅၆၆) ဧကနှင့် ဆောင်းနေကြာ (၅၇၄)ဧက၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ် (၁၆၀၀)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)