နတ်မောက် ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ မြို့မစျေးကြီးတွင် တပ်ကုန်းမြို့နယ်ထွက် ပန်းမုန်လာများ လှိုင်လှိုင်ပေါ်ပြီး စျေးနှုန်းချိုသာသည့်အတွက် စားသုံးသူများ ဝယ်ယူမှုများကြောင်း သိရသည်။
“ပန်းမုန်လာအပွင့်ကြီးတစ်ပွင့်ကို ၆၀၀၊ ၇၀၀ပဲဆိုတော့ ဝယ်စားသူတွေအဆင်ပြေတယ်။ ကုန်စျေးနှုန်းတွေတက်နေတဲ့အချိန်မှာ အခုလိုမီးဖိုချောင်သုံး ဟင်းချက်စရာ စျေးလေးတွေချိုတော့ စားပျော်တာပေါ့။ စိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့လည်း တွက်ခြေကိုက်ပါတယ်။ ကျွန်တော်တို့ ကုန်သည်တွေက စိုက်ခင်းထဲအထိ အခင်းပြတ်၊ ကားစီးလုံးပြတ်တွေ ဝယ်ယူတာဖြစ်တဲ့အတွက် လက်လီရောင်းရတာထက် အဆင်ပြေကြပါတယ်”ဟု နတ်မောက်မြို့ မြို့မစျေးအတွင်းတွင် ကုန်စိမ်းများ ဖြန့်ဖြူးရောင်းချပေးသည့် ကိုငြိမ်းက ပြောသည်။
သိမ့်သိမ့်မိုး