(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ညောင်တုန်း ဖေဖော်ဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းနားကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ ဆပ်ကော်မတီ အလိုက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား မှာကြားဆွေးနွေးပြီး တာဝန်ပေးအပ်ထားသော ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအသီးသီးမှ မိမိတာဝန်ကျရာ အခန်းကဏ္ဍအလိုက် အားကြိုးမာန်တက်ပူးပေါင်း၍ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကော်မတီများတွင်ပါဝင်သည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်ဆက်)