ဘိုကလေး ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ မီးဘေးလုံခြုံရေးတို့အတွက် ဖေဖော်ဝါရီ (၇) ရက် ညနေ (၃) နာရီ အချိန်တွင် ဘိုကလေးမြို့ပေါ်ရှိ အစ္စလာမ်ဘာသာရေးစာသင်ကျောင်းများနှင့် ဝတ်ပြုဗလီကျောင်းများသို့ တာဝန်ရှိသူများကွင်းဆင်းကာ မီးဘေးတားဆီး ကာကွယ်ရေးဆိုင်ရာများအား စစ်ဆေးကြည့်ရှု ကြပ်မတ်ခဲ့ကြသည်။
စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဘာသာရေးစာသင်ကျောင်းများနှင့် ဝတ်ပြုဗလီများတွင် မီးသတ်ဆေးဗူးထားရှိမှု အခြေအနေများ၊ မီးသတ်ရေကန် ထားရှိမှုအခြေအနေများ၊ မီးချိတ်၊ မီးကပ်ထားရှိမှု အခြေအနေများနှင့် လျှပ်စစ်သွယ်တန်း သုံးစွဲမှု အခြေအနေများအား စစ်ဆေးကြည်ရှုခဲ့ကြပြီး မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် လိုအပ်မှုများအား လမ်းညွှန်မှာကြားကာ ကြပ်မတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးစက် (ဘိုကလေး)