မြို့သစ်မြို့နယ်၌ ဆောင်းသီးနှံ၊ ပဲမျိုးစုံ (၆၇၁၄) ဧက စိုက်ပျိုးပြီးစီး

မြို့သစ် ဖေဖော်ဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ယခု ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းရာသီ စိုက်ပျိုးရာသီတွင် ဒေသတွင်း ပဲမျိုးစုံသီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်ရည်ရွယ်၍ ပဲမျိုးစုံသီးနှံဧက (၆၇၁၄) ကျော် လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

မြို့သစ်မြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံဧက (၆၇၁၄) ဧက စိုက်ပျိုးရန် လျာထားရှိပြီး ဒေသခံတောင်သူများက နိုဝင်ဘာလဆန်းပိုင်းက စတင်၍ စိုက်ပျိုးခဲ့ရာ ဇန်နဝါရီလ ပထမပတ်တွင် ပဲမျိုးစုံသီးနှံ (၆၇၁၄) ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

ယခုနှစ် ပဲသီးနှံစိုက်ပျိုးရာသီမှာ မြို့သစ်မြို့နယ်အတွင်း ပဲမျိုးစုံသီးနှံ တစ်မြို့နယ်လုံး စိုက်ဧက (၆၇၁၄) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း၊ သတ်မှတ်လျာထားတဲ့ စိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများကို စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆောင်းရာသီစိုက်ပျိုးရာသီတွင်လည်း ပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်အတွက် ရည်ရွယ်၍ ပဲမျိုးစုံသီးနှံအပါအဝင် ပဲမျိုးစုံသီးနှံစိုက်ဧက (၆၇၁၄) ဧက လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ကိုဇော်(ပြန်/ဆက်)