အိမ်မဲမြို့နယ်တွင် (၇၇) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ဗီနိုင်းပိုစတာများစိုက်ထူ

အိမ်မဲ ဖေဖော်ဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်ဖြစ်သော ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဗီနိုင်းပိုစတာများစိုက်ထူခြင်းကို ယနေ့နံနက် (၉) နာရီ (၃၀) မိနစ်တွင် ဆောင်ရွက်ခဲ့သည်။

(၇၇) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ဗီနိုင်းပိုစတာများကိုအိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ မြို့မလူငယ်လေ့ကျင့်ရေးဘောလုံးကွင်းတွင်လည်းကောင်း၊ မြို့အဝင်လမ်းဆုံတွင်လည်းကောင်း ပြည်သူလူထုများ သိရှိနိုင်ရန်အတွက်စိုက်ထူခဲ့ပြီး ဌာနဆိုင်ရာအကြီးအကဲများက အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးခဲ့ကြသည်။

ချစ်သက်လယ်

အိမ်မဲ (ပြန်/ဆက်)