ရွှေတောင် ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ရွှေတောင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက သရက်တောရပ်ကွက်အတွင်း မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့၀င်များမှ သရက်တောရပ်ကွက်၊ နှပ်တန်းလမ်းအတွင်း တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေနှင့် မီးသတ်ဆေးဘူးများထားရှိစေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များနှင့်အတူပူးပေါင်း၍ လိုက်လံစစ်ဆေး/ သတိပေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ ဆက်)