ဓနုဖြူမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေစိုက်ပိုစတာစိုက်ထူ

ဓနုဖြူ ဖေဖော်ဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်၊ လွတ်လပ်ရေးပန်းခြံရှေ့နှင့် အမှတ်(၁၈)ရပ်ကွက်၊ မီးပွိုင့်လမ်းဆုံတို့တွင် စိုက်ထူခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းအောင်သူနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ပြီး (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များပါဝင်သော မြေစိုက်ပိုစတာကို အမွှေးနံ့သာများ ပက်ဖျန်းစိုက်ထူခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)