ကလေး ဖေဖော်ဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ အမှတ် (၁) အ.လ.က ကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ကလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က ကလေးအလုပ်သမားပပျောက်ရေးနှင့် စာပေစိစစ်ရေးမှူး ဒေါ်ဝုန်လွန်းညောင်က လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်များဖြင့် အသိ ပညာပေး ဟောပြောခဲ့ကြသည်။
ဟောပြောပွဲသို့ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း(၁၂၀)ကျော် တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူများမှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များ၊ နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြ ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)