မင်းတုန်း ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းမှ Grade-8 ကျောင်းသား၊ ကျောင်းသူ (၃၅)ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရန် အရေးကြီးပုံနှင့် ကျောင်းသားအရွယ်ကတည်းက စိတ်ဓါတ်၊ စည်းကမ်း၊ ကိုယ်ကျင့်တရားကောင်းများ လေ့ကျင့်မွေးမြူရန် အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် စာအုပ်ပြပွဲ ဆက်လက်ကျင်းပရာ သုတ၊ရသ စာအုပ်စာစောင်များ ပြသခဲ့ပြီး ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)