နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေး လိုင်စင်များလေလံရောင်းချပွဲကျင်းပ

နတ်တလင်း ဖေဖော်ဝါရီ ၈

ပဲခူးတိုင်း​ဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်း မြို့နယ်တွင် ယမန်နေ့နံနက် ၁ဝ နာရီ အချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံရောင်းချပွဲ ကျင်းပခဲ့သည်။

အဆိုပါ လိုင်စင်လေလံရောင်းချပွဲသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဟန်ရှိန်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်‌ငွေ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေစိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးအောင်နှင့် ဌာနဆိုင်ရာများ၊ စည်ပင်ဝန်ထမ်းများ၊ လိုင်စင်လျှောက်ထားသူများ တက်ရောက်ခဲ့ကြသည်။

နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ် အခွင့်အရေးလိုင်စင် (၅၀) ခုအား သက်တမ်းတိုးစနစ်၊ အညီအမျှခွဲဝေချထားစနစ်၊ စျေးပြိုင် စနစ်ဖြင့် (၁၅.၁.၂၀၂၄) ရက်နေ့တွင် (ပထမ) အကြိမ် ရောင်းချခဲ့ရာလိုင်စင် (၁၈) ခုအတွက် လိုင်စင်ရောင်းရငွေ (၁၄၂၇၉၁ဝဝဝိ/-) ကျပ်၊ (၂၂.၁.၂၀၂၄) ရက်နေ့တွင် (ဒုတိယ) အကြိမ် ရောင်းချခဲ့ရာ လိုင်စင် (၅) ခုအတွက် လိုင်စင်ရောင်းရငွေ (၇၄၆၀၀၀ဝိ/-)ကျပ်၊ (၂၉.၁.၂၀၂၄) ရက်နေ့တွင် (တတိယ) အကြိမ် ရောင်းချခဲ့ရာ လိုင်စင် (၁) ခုအတွက် (၁၆၀၀၀၀ဝိ/-)ကျပ်နှင့်  ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် သားသတ်လိုင်စင်များ အမဲ၊ ဝက်၊ ဆိတ် လိုင်စင် (၃) မျိုး ရောင်းချခဲ့ရာ (၈၉၅၀၀၀၀ဝိ/-) ရရှိခဲ့ကြောင်း မြို့နယ်စည်ပင်သာယာ‌ရေး‌အဖွဲ့ အမှု‌ဆောင်အရာရှိထံမှ သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)