ရေနံချောင်းမြို့ အ.ထ.က(ခွဲ) ဝက်ချုပ်ကျောင်းတွင် သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ဆောင်ရွက်

ရေနံချောင်း ဖေဖော်ဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယနေ့နံနက်ပိုင်းက ရွာသစ်ရပ်ကွက်ရှိ အ..က(ခွဲ)ဝက်ချုပ်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရေနံချောင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ပြာစိုးနှင့် ဝန်ထမ်းများက သဘာဝဘေးန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကျရောက်နေစဉ်နှင့် ကျရောက်ပြီးအချိန်များတွင် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန် ရှောင်ရန်အချက်များကို ကျောင်းသား၊ ကျောင်းသူလေးများ သိရှိစေရန် အသိပညာပေးဟောပြောကာ သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အ.ထ.က(ခွဲ)ဝက်ချုပ် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများကျောင်းသား/သူများ စုစုပေါင်း (၁၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)