ဇီးကုန်းမြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားရေးဦးတည်ချက် (၅) ရပ်ပါမြေ စိုက်ပိုစတာစိုက်ထူ

ဇီးကုန်း   ဖေဖော်ဝါရီ   ၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားရေးဦးတည်ချက် (၅) ရပ်ပါမြေ စိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ယမန်နေ့က ရန်ကုန်-ပြည် ကားလမ်းမဘေး၌ စုပေါင်းစိုက်ထူခဲ့ကြသည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားရေးဦးတည်ချက် (၅) ရပ်ပါ မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ရန်ကုန်-ပြည် ကားလမ်းမဘေး ဘိုးဘွားရိပ်သာရှေ့ စည်ပင်သာယာပန်းခြံနှင့် ဇီးကုန်းမြို့နယ် ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်အောင်ဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် မြို့မိမြိုဖများ၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက် (၅) ရပ်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် စိုက်ထူခဲ့ကြကြောင်း သိရသည်။

ထို့အပြင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံးနှင့် ကဗျာရွတ်ပြိုင်ပွဲများကို အခြေခံပညာကျောင်းများ၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)