ရေတာရှည်မြို့နယ်၌ မြစိမ်းရောင် (အသားကဏ္ဍ) မှန်စီကျေးရွာသို့(တတိယအကြိမ်) စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်း အနားကျင်းပ

ရေတာရှည်  ဖေဖော်ဝါရီ   ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှမြစိမ်းရောင် (အသားကဏ္ဍ) မှန်စီကျေးရွာသို့ (တတိယအကြိမ်) ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥက္ကာသန်းမှ အမှာစကားပြောကြားရာတွင် ကျေးရွာများရှိ ဒေသခံပြည်သူများ  အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်နှင့် မိသားစုဝင်ငွေတိုးပွားလာ‌စေရန်၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာဖူ လုံစေရန်နှင့် အာဟာရပြည့်ဝစေရန်၊ တိုးပွားလာသော အတိုးငွေတို့ဖြင့် ကျေးရွာ၏ လိုအပ်ချက်နှင့် ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် မတည်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြစိမ်းရောင် (အသားကဏ္ဍ) မှန်စီကျေးရွာသို့ ရန်ပုံငွေ (၃၇၉၄၁၆၀၀)ကျပ်ကို မြို့နယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥက္ကာသန်းနှင့် အတွင်းရေးမှူးဒေါက်တာ ကြည်လင်း တို့မှ မြို့နယ်ကြီးကြပ်မှုကော်မတီ ကိုယ်စားလွှဲ ပြောင်းပေးအပ်ရာမြစိမ်းရောင် (အသားကဏ္ဍ) မှန်စီကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အတွင်းရေးမှူး ဦးသန်းထိုက်ဦး၊ ဘဏ္ဏာရေးမှူး ဒေါ်စိုးစိုးမူတို့မှ ကျေးရွာကော်မတီကိုယ်စားလက်ခံခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)