ပဲခူး ဖေဖော်ဝါရီ ၆
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးမြို့နယ်တပ်ဖွဲ့မှူးရုံးမှ ရဲမှူးသန်းခိုင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်း၏ စည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်တာဝန်ခံ ဒုမီးသတ်ဦးစီးမှူး ဦးလှိုင်ဘွားက သင်တန်းဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ မီးသတ်တပ်ဖွဲ့ အနေနဲ့ ရည်မှန်းချက် တာဝန် (၄) ရပ်၊ လုပ်ငန်းစဉ် (၇) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံပိုင်ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ လုပ်ငန်းလမ်းညွှန်ဖြစ်တဲ့ မီးမလောင်စေချင်သောစိတ်၊ လောင်တဲ့မီးကို အမြန်ငြိမ်းစေချင်သောစိတ်၊ သန္ဓေအရန်မခွဲခြားဘဲ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ မီးလောင်မှုဖြစ်ပွားပါက ဆုံးရှုံးမှုတန်ဖိုးများလျော့ချနိုင်ရေး မီးသတ်အသိပညာများ ပြည်သူများအတွင်း စိမ့်ဝင်ပြန့်နှံ့စေရေး၊ တပ်ဖွဲ့ဝင်များ မီးသတ်စွမ်းရည်ထက်မြတ်စေရန်အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအား (၅.၂.၂၀၂၄) ရက်နေ့မှ (၁.၃.၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား (၅၀) ဦး သင်တန်းတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)