လိပ်သိုမြို့၌ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအနေဖြင့် ဝက်များမွေးမြူလာ

လိပ်သို       ဖေဖော်ဝါရီ     ၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊  လိပ်သိုဒေသရှိ  ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့်တွဲဖက်၍ မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်အတွက်   တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအနေဖြင့် ဒေသဝက်များကို မွေးမြူကြကြောင်း သိရသည်။

“ကျွန်တော်တို့မိသားစုက  ကိုယ်နိုင်သလောက် ခြံဝင်းမှာ ဝက်မွေးမြူကြပါတယ်၊  တစ်ပိုင်တစ်နိုင်ဆိုပေမယ့်  မိသားစုအပိုဝင်ငွေအတွက် စီးပွားရေးတစ်ဖက်တစ်လမ်းကနေ အဆင်ပြေစေဖို့ ဝက်မွေးမြူခြင်းဖြစ်ပါတယ်။ ဝက်မ (၃) ကောင်ရှိရင် အနည်းဆုံး သားပေါင်း (၂၄) ကောင်လောက် ရတယ်။ ဝက်သားပေါက်တွေ (၄၅) ရက်ပြည့်ရင် ရောင်းလိုရပြီ။ တစ်ကောင်ကို ကျပ် ၁၈၀,၀၀ဝိ/- လောက်ရတယ်။ ဝက်သားကျတော့ တစ်ပိဿာကို  ၁၃,၀၀ဝိ/- ကျပ်လောက်ရတယ်။ ဒီတော့ ဝက်မွေးမြူရေးက အဆင်ပြေတယ်” ဟု တစ်ပိုင်တစ်နိုင် ဝက်မွေးမြူခြင်းလုပ်ကိုင်နေသော အမှတ် (၄) ရပ်ကွက်နေ ဝက်မွေးမြူသူတစ်ဦးက ပြောသည်။    

ခင်လေးနွယ် (လိပ်သို)