ပေါက်ခေါင်းမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လှုံဆော်လှုပ်ရှားမှု မြေစိုက်ပိုစတာစိုက်ထူ

ပေါက်ခေါင်း ဖေဖော်ဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားအကြိုလှုံဆော်လှုပ်ရှားမှုအနေဖြင့် အမျိုးသားရေးဦးတည်ချက် (၅) ရပ်ပါမြေ စိုက်ပိုစတာ (၂၀ပေ×၅‌ပေ) စိုက်ထူခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက ပေါက်ခေါင်းမြို့လယ် ဗိုလ်ချုပ်ကျောက်ရုပ်အနီးနှင့် မြို့အဝင်လမ်းအသုံးပြုကောက်ခံရေးဂိတ်တွင် စိုက်ထူခဲ့သည်။

အဆိုပါမြေစိုက်ပိုစတာတွင်၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားရေးဦးတည်ချက် (၅) ရပ်ပါ မြေစိုက်ပိုစတာစိုက်ထူခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်ဦးဆောင်၍ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသင်းအဖွဲ့ဝင်များနှင့် မြို့မိမြိုဖများနှင့် ဒေသခံပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်ကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် မြေစိုက်ပိုစတာအား စိုက်ထူခဲ့ကြကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)