တောင်ငူ ဖေဖော်ဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဥ်ဖြင့် ယမန်နေ့နံနက်ပိုင်းက နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား စက္ကူပြဇာတ်ဖြင့် ပုံပြင်ပြောပြခြင်းနှင့် ရုပ်ပြပုံပြင်စာအုပ်များ ငှားရမ်းပေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ထို့နောက် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများအား (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး “ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝမှတ်တမ်းဓာတ်ပုံများ၊ လူကုန်ကူးသူအမြစ်မကျန် အားလုံးပါဝင်တွန်းလှန်ရန်၊ မူးယစ်အန္တရာယ်တားဆီးကာကွယ်ရန်နှင့် မူးယစ်ဆေးဝါးအမျိုးမျိုး” စသည့် ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဇော်ကိုကို