ပုလောမြို့နယ်၌ ကျောင်းအခြေပြု ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးများထိုးနှံပေး

ပုလော ဖေဖော်ဝါရီလ   ၇

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ကျောင်းအခြေပြု ဆိုဆို့၊ မေးခိုင်ရောဂါ ကာကွယ်ဆေးများကို ပုလောမြို့နယ်ကျန်းမာရေးဌာနမှ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၉ နာရီခွဲက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဆရာဝန်ကြီး ဒေါက်တာပြုံးချို၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အဖွဲ့များခွဲ၍ အခြေခံပညာကျောင်းများ အသီးသီးသို့ ကွင်းဆင်း၍ ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ အဆိုပါ ဆုံဆို့၊ မေးခိုင် ရောဂါကာကွယ်ဆေးကို အသက်(၅) နှစ်မှ (၇)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများကို ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အေးအေးမော်(ပုလော)