သံတောင်ကြီး ဖေဖော်ဝါရီ ၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် သံတောင်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်းဝင်းရှိမိုးလုံလေလုံအားကစားခန်းမတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဆောင်သောဝန်ထမ်းအဖွဲ့များက ကျောင်းသူ/ကျောင်းသားများ ယနေ့နံနက် (၉) နာရီအချိန်က နိုင်ငံသားစိစစ်ရေးကတ်ပြားများ အား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သံတောင်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသိန်းထိုက်နှင့်ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းရှိ ၂၀၀၈ ခုနှစ်တွင် မွေးဖွားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသည့် ကျောင်းသား(၁၂)ဦး၊ ကျောင်းသူ(၃၄)ဦး စုစုပေါင်းကျောင်းသူ/သား(၄၆)ဦးတို့အား ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နော်လော်မူ