သာပေါင်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ကုန်းတန်းကြီး)တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

သာပေါင်း ဖေဖော်ဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ကျန်းမာရေးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့၊နံနက် ၁၀ နာရီအချိန်က ဒည်ကုန်း ကျေးရွာအုပ်စု၊ကုန်းတန်းကြီး ကျေးရွာ၊အခြေခံပညာအလယ်တန်းကျောင်း(ကုန်းတန်းကြီး)၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး(တာဝန်ခံ)ဒေါ်ချိုသဲမှ”လူငယ် အားကစားနှင့် ခေါင်းဆောင်မှု”ခေါင်းစဉ်ဖြင့်”ခေါင်းဆောင်ဟူသောဝေါဟာရ အဓိပ္ပါယ်ဆိုတာ အကြီးအမှူး၊ ဦးဆောင်သည့် အထက်အမြတ်ပုဂ္ဂိုလ်၊ရှေ့ဆောင်လမ်းပြဆိုတဲ့ အနက်အဓိပ္ပါယ်ကို ဆိုလိုပါကြောင်း၊ ခေါင်းဆောင်ဆိုတာ မိမိလုပ်နေသောလုပ်ငန်းကို သိရှိထားမှ မိမိရဲ့တပည့် သား၊သမီးတွေကိုညွှန်ကြား ပြောဆိုလို့ရမှာဖြစ်ကြောင်း၊ ဆရာဇော်ဂျီရဲ့ကဗျာထဲကိုလို”ယနေ့လူငယ်၊နောင်ဝယ်လူကြီး၊သင်လည်းတစ်ဦး သားထူးသားမြတ် ဖြစ်အပ်ရဝယ်”ဆိုလိုတဲ့ ကဗျာလို သားတို့သမီးတို့ဟာ တစ်နေ့တစ် ချိန်ချိန်မှာ အနာဂတ်ရဲ့ နိုင်ငံတော်၏ သားတောင်း/သမီးကောင်းများဖြစ်ပြီး ဌာနဆိုင်ရာတစ်ခုခု၊အသင်းအဖွဲ့တစ်ခုခုမှာ ခေါင်းဆောင်နေ ရာ ရောက်ရှိလာကြမှာအမှန်ပင်ဖြစ်ပါကြောင်း၊

ခေါင်းဆောင်သူတစ်ယောက်ဖြစ်လာမယ်ဆိုရင် မိမိလုပ်ငန်းကို”ဂဃနဏ”သိရှိ ထားဖို့၊အားကစားမှူး ဖြစ်လာရင်လည်း အားကစားနှင့်ပတ်သက်သည့် အတက်ပညာကို တက်မြောက်တက်ကျွမ်းရန် လိုအပ်ပြီးပြန်လည်သင်ကြားပြ သလို့ရမှာဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကာယ၊ဉာဏ၊စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ မျိုးဆက်သစ်လူငယ်တွေ လမ်းမှားမရောက်ဖို့ ဘဝတစ်လျှောက် လုံးရပ်တည်ချက်မှန်မှန်ကန်ကန်နှင့် နေထိုင်သွားဖို့လိုပါကြောင်း စသည်ဖြင့် ဟောပြောပြီး ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်လဲ့လဲ့ဝင်းက “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဥ်ဖြင့် ဟောပြောရာ”လူငယ် ဘဝ ပညာသင်အရွယ်မှစပြီး မိမိဝါသနာ၊ ဗီဇစရိုက်နဲ့ကိုက်ညီတဲ့ ရည်မှန်းချက်ရှိရမှာ ဖြစ်ပါကြောင်း၊ ရည်မှန်းချက်သည်ကျောင်းသား၊ ကျောင်းသူများအတွက် ရှေ့လာမည့်အနာဂတ်ဖြစ်ပါကြောင်း၊အနာဂတ်အိပ်မက်ကိုသေးသေးကွေးကွေးထက် ကြီးကြီးကျယ်ကျယ်မက်ပြီး ကြိုးစားဖို့လိုပါကြောင်း၊ ရည်မှန်းချက်ထားသည့်အလျောက် ကြိုးစားအားထုတ်ဖို့လို ပါကြောင်း၊ ရည်မှန်းချက်ထားပြီးကြိုးစားမှု မရှိပါက လူငယ်ဘဝရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကုန်ဆုံးမှာဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဥ်ကတည်းက အသိပညာဗဟုသုတတွေ တိုးပွားအောင်ကျင့်ကြံပြီး ဘဝကိုရင့်ကျက်အောင်၊ လှလှပပရပ်တည်နိုင်အောင်၊ မိမိကိုယ်တိုင်၊မိမိပတ်ဝန်းကျင်၊ မိမိမြို့နယ်က နေနိုင်ငံတော်အဆင့်အထိ ကောင်းမွန်အောင်ရည် မှန်းချက်ထား ကြိုးစားအားထုတ်သွားကြရန် လိုပါကြောင်း”ဖြင့် အသိပညာပေး ဟောပြောပြီး ကျန်းမာရေး ဦးစီးဌာန၊ဆရာမဒေါ် ငြိမ်းလဲ့ဝေ(ကြီးကြပ်ရေးမှူး)က လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်”မူးယစ်အစဆေး လိပ်ကဆိုသည့်အတိုင်းကျောင်းသား၊ကျောင်းသူများအနေဖြင့် ဆေးလိပ်ကို စမ်းသပ်သုံးစွဲခြင်းမပြု လုပ်ရန်လိုပါကြောင်း၊ ဆေးလိပ်သောက်သုံးပါက ဆေးလိပ်ငွေ့သည်ခန္ဓာကိုယ် အတွင်းရှိအစိတ်အပိုင်းများသို့ အလျင်အမြန်ရောက်ရှိပြီးကျန်းမာရေးထိ ရောက်နိုင်မည်ဖြစ်ပါကြောင်း၊ ဒါ့ကြောင့်မူးယစ်ဆေးဝါးဟူသမျှကိုရှောင်ရှားပြီး မိမိတို့အတွက်အကျိုးရှိမည့် ကျောင်းစာများကိုသာ ကြိုးစားသင်ယူ၍ ရည်မှန်းထားသည့်ပန်းတိုင်ကိုရောက်ရှိအောင် လျှောက်လှမ်းဖို့လိုပါ ကြောင်း”အသိ ပညာပေး  ဟောပြောခဲ့ကြသည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊နည်းစနစ်မှူး(တာဝန်ခံ)ဒေါ်ချိုသဲမှ အားကစား အထောက်အကူ ပြုပစ္စည်း(ဘောလုံး-၁ လုံး၊ဘော်လီဘောလုံး-၁လုံး)တို့ကို အခြေခံပညာအလယ်တန်း ကျောင်း (ကုန်းတန်းကြီး)တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်ထွေး လက်ဝယ်သို့ ထောက်ပံ့ပေး အပ်ခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာ‌ပေးနံရံကပ်စာစောင်၊ စာအုပ်စာစောင်များကို စိတ်ပါ ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်