စစ်ကိုင်း ဖေဖော်ဝါရီ ၇
စစ်ကိုင်းခရိုင်/ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့ ပူးပေါင်း၍ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အတန်းပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို အဆိုပါတက္ကသိုလ်ရှိ အားကားခန်းမ၌ ယမန်နေ့ မွန်းလွဲ(၃)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်က နှစ်စဉ် အမိတက္ကသိုလ်ကြီးအနေဖြင့် အားကစားမျိုးစုံပြိုင်ပွဲများကို ကျင်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ အားကစား စိတ်ဓာတ်အရင်းခံဖြင့် ယှဉ်ပြိုင်ကစားကြဖို့ ဆွေးနွေးပြောကြားပြီး ခရိုင်အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက အားကစားပစ္စည်းများကိုပေးအပ်ရာ ပါမောက္ခချုပ်က လက်ခံပေးခဲ့ သည်။
ဆက်လက်၍ ခရိုင်/ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရန်နိုင်အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် အောင်မြေဦးဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းများသို့သွားရောက်၍ ခရိုင်ဦးစီးမှူးက အားကစားနှင့်ကျန်းမာရေးဆိုင်ရာများ၊ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်း တက်ရောက်နိုင်မည့် အခြေအနေများ၊ အားကစားလိုက်စားခြင်းဖြင့် တစ်ကိုယ်ရည် ကျန်းမာရေးအတွက် အထောက်အကူပြုပေးကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာ မိမိတို့ရဲ့မျှော်မှန်းချက်/ ရည်ရွယ်ချက်များ အောင်မြင်မှာ ဖြစ်ကြောင်း ကျောင်းစာအပြင် မိမိတို့နှစ်သက်ရာ အားကစားများကို လေ့လာလိုက်စားကြပါလို့ ဆွေးနွေးပြေကြားခဲ့ပြီး အားကစား ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းသိရသည်။
ဇော်မြင့်နိုင်