စစ်ကိုင်းမြို့တွင် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေး

စစ်ကိုင်း  ဖေဖော်ဝါရီ  ၇

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယမန်နေ့က ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာဝင်း က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများရရှိစေရန် သက်ဆိုင်ရာဌာနနှင့်ပူး ပေါင်းဆောင် ရွက်ရခြင်းဖြစ်ကြောင်း တက်ရောက်လာကြသည့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့သိရှိရမည့် အသိပညာများကို ပြည်သူများထံမျှဝေဆွေးနွေးပေးကြဖို့ အဖွင့်အမှာစကားပြောကြားပေးပြီး ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “စွန့်ပစ်ပစ္စည်းများ စနစ်တကျစီမံခန့်ခွဲရေး၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများကြောင့် လူသားတို့၏ကျန်းမာရေးအပေါ် ထိခိုက်နိုင်မှုများ၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ လူတစ်ဦးချင်းစီအလိုက် လုပ်ဆောင်နိုင်မှုများ၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းများမှ ထွတ်ရှိသောစွန့်ပစ်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ရန် ဆောင်ရွက် သင့်သည့်အချက်များကို ဆွေးနွေးပေးခဲ့သည်။

ဆက်လက်၍အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၇)နှစ်မြောက်၊ ပြည်ထောင်စု နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို စစ်ကိုင်းခရိုင်ရုံး ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။

ဇော်မြင့်နိုင်