ကန်ကြီးထောင့်မြို့နယ်တွင် လူငယ်များ ဗလငါးတန်တိုးပွားစေရန်အတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကန်ကြီးထောင့်      ဖေဖော်ဝါရီ    ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပါင်း၍ လူငယ်လူရွယ်များ ဗလငါးတန်တိုးပွား‌စေရန်၊ အသိပညာဗဟုသုတများရရှိ‌ စေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြာပွဲကို ဖေ‌ဖော်ဝါရီလ (၆)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကန်ကြီးထောင့် မြို့နယ်၊ အ.လ.က လဟာကလူတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် မြို့နယ်အားကစားမှူး ဒေါ်မာမာလင်းကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက လူငယ်လူရွယ်များ ဗလငါးတန်တိုးပွား‌စေရန်၊ အသိပညာဗဟုသုတများရရှိ‌ စေရန်အတွက် လူငယ်နှင့် စာဖတ်ခြင်းအကျိုး ကျေးဇူးများအားရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် အ.လ.က လဟာကလူ ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးထွန်းက ကျေးဇူးတင် စကားပြောကြားခဲ့ပြီး အဆိုပါ အခမ်းအနားသို့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊  ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများက တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)