စေတုတ္တရာ ဖေဖော်ဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်ငါးနှစ်အောက် ကလေးငယ်များ ဗီတာမင်ဆေးနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်(၁၀)နာရီက စေတုတ္တရာမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဆရာမဒေါ်ခင်သွယ်နှင်းနှင့် ဆရာမများက စေတုတ္တရာမြို့နယ် မူလတန်းကြိုကျောင်းမှ ကလေးငယ်များနှင့် မြို့တွင်းရှိ အသက် ၅ နှစ်အောက် ကလေးသူငယ်များအား အဟာရပြည့် ဗီတာမင်ဆေးများ၊ သံချဆေးများ ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခဲ့သည်။
စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ သက်ကြီးရွယ်အိုများ သွေးတိုး၊ ဆီးချို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခပ်ခြင်း၊ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဗီတာမင်သံချဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)