စလင်းမြို့နယ်တွင် လေပြင်းဘေး ကြိုတင်ကာကွယ်ရေးစီမံချက် ညှိနှိုင်းအစည်းအဝေးနှင့် ရန်ပုံငွေထောက်ပံ့ခြင်း အခမ်းအနားကျင်းပ

စလင်း ဖေဖော်ဝါရီ ၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် လေပြင်းဒဏ်ပိုမိုခံနိုင်ရည်ရှိသည့် အိုးအိမ်များဖြစ်စေရေး အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ရေးနှင့်စပ်လျဥ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ရန်ပုံငွေထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေး ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အဆိုပါအခမ်းအနားတွင် စလင်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်   ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးစောလွင်ဦးက လေပြင်းဒဏ် ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ရမည့် အခြေအနေများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များမှ လေပြင်းဘေးကြိုတင်ကာကွယ်ခြင်းလုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့သည်။

စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်မှ ငါးသန်းခေါင်းကျေးရွာအုပ်စု၊ စနေချောင်ကျေးရွာနှင့် အကျီးဖျားကျေးရွာအုပ်စု၊ ကျောက်ရဲတုန်းကျေးရွာတို့မှ လူနေအိမ်(၁၀၀)လုံးအား လေပြင်းဒဏ် ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်မွမ်းမံ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ငါးသန်ခေါင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် မကျီးဖျားကျေးရွာ အုပ်ချုပ်ရေးမှူးများအား မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောလွင်ဦး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အသီးသီးထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ရာ အုပ်ချုပ်ရေးမှူးများက လက်လံရယူခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ သက်ဆိုင်ရာကော်မတီအဖွဲ့ဝင်များ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)