သရက်မြို့၌ ဘော်ဒါဆောင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်

သရက် ဖေဖော်ဝါရီ ၇

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာန ဘော်ဒါဆောင်များအား မီးဘေးလုံခြုံရေး မီးဘေးကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးဖြိုးမင်းသန့်နှင့် တပ်ဖွဲ့ဝင်များက ဝိုင်းဝိုင်းအောင် ဘော်ဒါဆောင်နှင့် စံမှီဘော်ဒါဆောင်တို့အား မီးဘေးလုံခြုံရေးပစ္စည်းများ ထားရှိခြင်းရှိ/မရှိ၊ ခြင်ဆေးခွေအသုံးပြုခြင်း၊ ဘုရားမီးပူဇော်ခြင်း၊ လျှပ်စစ်မီးအသုံးပြုခြင်းနှင့် မီးဖိုမီးများအသုံးပြုပါက မီးသတ်ဦးစီးဌာနမှ ညွှန်ကြားထားသည့်အတိုင်း စနစ်တကျအသုံးပြုတတ်စေရန် စစ်ဆေးပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)