တမူးမြို့တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဝန်ထမ်းပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ

တမူး၊ ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် (၇၇) နှစ်မြောက် ​ပြည်​ထောင်စု​နေ့ အထိမ်းအမှတ်အကြို ဝန်ထမ်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖေဖော်ဝါရီလ (၇) ရက်နေ့ နံနက်(၈) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပိုက်ကျော်ခြင်းကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 အဆိုပါပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ပြိုင်ပွဲဝင်အသင်း (၇) သင်းတို့ဖြင့် ဖေဖော်ဝါရီ (၁၀) ရက်နေ့ထိ (၄) ရက်ကြာကျင်းပသွားမှာဖြစ်ပြီး ဆုရရှိကြသည့် ပြိုင်ပွဲဝင်အသင်းများအား ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီးအလားတူ စားပွဲတင် တင်းနစ်နှင့်ကြက်တောင်ပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာ

ဦးကျော်သူရ