နတ်မောက် ဖေဖော်ဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းမှတ် တိုင်းရင်းသားအကပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီးက ကျောင်းသား/သူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းတွင်း အကပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများကို (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား/သူလေးများမှ အကပြိုင်ပွဲများဖြစ်သည့် K-G တန်းမှ ကရင်ဒုံးယိမ်းသီချင်းအက၊ G-1 ကျောင်းသား/သူလေးများမှ ပြည်ထောင်စုအင်အားသီချင်းဖြင့်လည်းကောင်း၊ G-2 ကျောင်းသား/သူလေးများမှ ရွှေမြန်မာပြည်သီချင်းဖြင့်လည်းကောင်း၊ G-3 ကျောင်းသား/သူလေးများမှ စည်းလုံးချင်းအတွက် သီးချင်ဖြင့်လည်းကောင်း၊ G-4 ကျောင်းသား/သူလေးများမှ သွေးရင်းများပီပီသီချင်းနှင့် နောင်အင်လေးသီချင်းဖြင့်လည်းကောင်း၊ G-10 ကျောင်းသား/သူများမှ ထာဝရသစ္စာသီချင်းအကများဖြင့် အသီးသီး ဖျော်ဖြေပေးခဲ့ကြရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/မများနှင့် ကျောင်းသား/သူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
လှဝင်း