စေတုတ္တရာမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တူညီဝတ်စုံပေးအပ်ခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

စေတုတ္တရာ ဖေဖော်ဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း အရန်မီးသတ်တပ်ဖွဲ့ဝင်များထံ တူညီဝတ်စုံပေးအပ်ခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်း (၁၀) နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် တူညီဝတ်စုံများပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှိန်းမင်းထက်နှင့် တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ‌ထံ အသီးသီး ပေးအပ်သည်။

ဆက်လက်၍ စေတုတ္တရာမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစီးမှူး ဦးရှိန်းမင်းထက်က မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောရာတွင် မီးဘေးအသိ၊ မီးဘေးသတိရှိစေရန်အတွက် မီးပေါ့ဆမှုမရှိစေရေး၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ မီးဘေးအန္တရာယ် ကြုံတွေ့ပါကဆောင်ရန်၊ ရှောင်ရန်အချက်အလက်များကို ရှင်းလင်းဟောပြော၍ မီးဘေးအန္တရာယ်တားဆီးရေးနှင့် မီးငြှိမ်းသတ်နည်းများကို မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လက်တွေ့သရုပ်ပြသရာ မြို့နယ်မှရပ်ကွက်၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)