ပဲခူးမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းဆောင်ရွက်

ပဲခူး ဖေဖော်ဝါရီ

 ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းတစ်ရပ်ဖြစ်သည့် အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းကို ဖေဖော်ဝါရီလ()ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပဲခူးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်း​​မြတ်နှင့် မြို့နယ်သန်ခေါင်စာရင်းကော်မတီဝင်များ၊ သက်ဆိုင်ရာရပ်ကွက်သန်ခေါင်စာရင်း ကော်မတီဝင်များက ဟံသာဝတီရပ်ကွက်နှင့် မဇင်းရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင် သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ၊ ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းဖြူဖြူနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မြင့်နိုင်တို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ပဲခူးမြို့နယ်သည် ရပ်ကွက်(၄၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၆)အုပ်စု၊ ကျေးရွာ(၂၁၁)ရွာဖြင့် ဖွဲ့စည်းထားရှိပြီး စာရင်းကောက်ကွက်မှာ (၂၆၄)ကွက်ရှိသည်။ ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်ခေါင်စာရင်း အဆောက်အအုံစာရင်းတင်ခြင်း လုပ်ငန်းအား ဇန်နဝါရီလ(၁၆)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ကောက်ကွက်(၁၀၈)ကွက် ပြီးစီးသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)