ကျောင်းအခြေပြု အသက် (၇) နှစ်အောက် ကျောင်းသား ကျောင်းသူများအား ဆုံဆို့-မေးခိုင် (DT) ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်

လှိုင်းဘွဲ ဖေဖော်ဝါရီ ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ အ.ထ.က (ကွမ်ဘီ) ပန်းသဇင်ဆောင်ခန်းမ၌ ကျောင်းအခြေပြု အသက် (၇) နှစ်အောက် ကျောင်းသားကျောင်းသူများအား ဆုံဆို့-မေးခိုင် (DT) ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်းကို လှိုင်းဘွဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိရာ ကွမ်ဘီကျေးရွာအုပ်စုအတွင်းရှိ အသက် (၇) နှစ်အောက် ကျောင်းသား ကျောင်းသူများ လာရောက်ထိုးနှံခဲ့ကြကြောင်း သိရှိရသည်။

စောဖိုးခွါး (ပြန်/ဆက်)