သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မျက်စေ့ကျန်းမာရေး ကွင်းဆင်းစစ်ဆေးခြင်းအား ကြည့်ရှုအားပေး

သရက် ဖေဖော်ဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အသက် (၅၀) နှစ်အထက် သက်ကြီးရွယ်အိုများအား ကျန်းမာရေးဝန်ထမ်းများက မျက်စေ့ကျန်းမာရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်နေခြင်းများကို  ယမန်နေ့ နံနက်က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  ကွင်းဆင်းစစ်ဆေးခြင်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခေတ်မီစံပြကျေးရွာ ထူထောင်ရေး စီမံကိန်း/စီမံချက်အရ အသက်(၅၀)နှစ်အထက် သက်ကြီးရွယ်အိုများအား မျက်စေ့ ကျန်းမာရေးစစ်ဆေးခြင်းများကို ရေဖြူကျေးရွာအုပ်စု၊ မုဆိုးရင်ကျေးရွာတွင် ကျန်းမာရေး ဝန်ထမ်းများက စစ်ဆေးပေးခြင်းဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်