ကျွန်းလှ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော

ကျွန်းလှ ဖေဖေါ်ဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပကြောင်းသိရသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူစင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဦးဖိုးချိုက ကလေးအလုပ်သမားပပျောက်ရေး ဥပဒေအကြောင်းအရာများနှင့် ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်အောင်က စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကြသည်။

 ထို့နောက် စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး မှတ်တမ်းဓါတ်ပုံများ၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ