ရေတာရှည် ဖေဖော်ဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားရေးဦးတည်ချက် (၅) ရပ်ပါမြေ စိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေး အခြေခံပညာအထက်တန်းကျောင်းရှေ့နှင့် ရေတာရှည်မြို့အဝင်တွင် စိုက်ထူခဲ့သည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားရေးဦးတည်ချက် (၅) ရပ်ပါ မြေစိုက်ပိုစတာ စိုက်ထူခြင်းအားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းမှဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် မြို့မိမြိုဖများ၊ ဒေသခံ ပြည်သူများပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက် (၅) ရပ်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ရန်ကုန်-မန္တလေးကားလမ်းမကြီးဘေး အခြေခံပညာအထက်တန်းကျောင်းရှေ့နှင့် ရေတာရှည်မြို့အဝင်တွင် မြေစိုက်ပိုစတာအား စိုက်ထူခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံးနှင့် ကဗျာရွတ်ပြိုင်ပွဲများကို အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ပြုလုပ်ခဲ့ပါကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)